လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ ...

ပင့်ကူမျှင်ဖြင့် တယောကြိုးဖန်တီး

ဂျပန်နိုင်ငံမှ သိပ္ပံပညာရှင်တစ်ဦးသည် ပင့်ကူမျင်များ ပေါင်းစပ်ပြီး တယောကြိုး ဖန်တီးကာ ယင်းကြိုး တပ်ထားသော တယောကိုတီးခတ် ပြခဲ့ကြောင်း သိရသည်။
အလွန်သေးငယ်သည့် ပင့်ကူမျှင် ထောင်ပေါင်းများစွာ ပေါင်းစပ်လိုက်သောအခါ တူရိယာတစ်ခုအတွက် အပြည့်စုံဆုံး ပျော့ပျောင်းခိုင်မာသည့် ကြိုးကိုရလာကြောင်း နာရာဆေးဘက်ဆိုင်ရာတက္ကသိုလ်မှ ပိုလီမာ ဓာတုဗေဒဆိုင်ရာ ပါမောက္ခရှီဂေယိုရှိ အိုဆာကီက ပြောကြားခဲ့သည်။
ပင့်ကူမျင်များနှင့် ပတ်သက်ပြီး အနှစ် ၃၀ ကျော်ကြာ သုတေသနလုပ်ခဲ့သည့် အိုဆာကီသည် ပင့်ကူမျှင်များဖြင့် ကျည်ကာဝတ်စုံလုပ်ရန် နှင့် ခွဲစိတ်ချုပ်ရိုးအဖြစ် ဖန်တီးရန် မူလက စဉ်းစားခဲ့သေးသော်လည်း တယောဝါသနာရှင်ဖြစ်သောကြောင့် တယောကြိုးကို ဦးစွာဖန်တီးခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
ယခင်လေ့လာမှုများအရ အပူချိန်မြင့်မားမှုနှင့် ခရမ်းလွန်ရောင်ခြည်ဒဏ်ကို ပင့်ကူမျှင်က ခံနိုင်ရည်ရှိကြောင်း တွေ့ရှိခဲ့ဖူးပြီး ပျော့ပျောင်း စွာခိုင်မာနိုင်မှု၏ ဂုဏ်သတ္တိကိုလည်း သိရှိထားခဲ့ကြသည်။

မူရင်းလင့် (Eleven)

No comments:

Related Posts Plugin for WordPress, Blogger...